တောင်သာ ဩဂုတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ နတ်စောင့်ကျေးရွာ၊ နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ခြင်းကို ဩဂုတ် ၁၄ ရက်မှစတင်၍ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လမ်းညွှန်မှုဖြင့် တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ နတ်စောင့်ကျေးရွာ၊ နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် အကြမ်းဖက်သောင်းကြမ်းသူများ၏ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြန်လည်ပြုပြင် ပြီးစီးခဲ့ပြီး ဩဂုတ် ၁၆ ရက်မှစတင်၍ တောင်သာမြို့နယ်ရှိ ကျေးရွာ ၅၄ ရွာကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကိုမျိုး(တောင်သာ)