စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ အများစုတွင် (၂၀၂၀) ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေ ပမာဏမှာ ယခင်နှစ်များက ကာလတူပမာဏထက် နည်းပါးလျက် ရှိသည့်အတွက် သိုလှောင်ရေပမာဏမှာလည်း လျော့နည်းကျဆင်းလျက်ရှိပါသည်။
ထို့ပြင် ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါး ခြင်းကြောင့် ပုံမှန် မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းအပြင် ယခင် မိုးစပါးစိုက်ပျိုးရေပေးဝေရန် မလိုအပ်သည့် မိုးကောင်းသောက်ဒေသများတွင်လည်း ဖြည့်စွက်ရေများ ပေးဝေနေရသည့် အခြေအနေများ ကြုံတွေ့နေရပါသဖြင့် ယခုနှစ်လျာထား မိုးစပါးစိုက်ဧကများ ပြည့်မီစွာ ရေပေးဝေနိုင်ရန်နှင့် လာမည့်နွေစပါးရာသီတွင်လည်း ဆည်အတွင်း ကျန်ရှိသိုလှောင်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံများ ယခင်နှစ် လျာထားပမာဏများအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် ရေအသုံးချသူများ အဖွဲ့များနှင့်အတူ ဆည်ရေကို စနစ်တကျ ချွေတာသုံးစွဲလျက် ရှိသည့်အပြင် အားလုံးသော တောင်သူလယ်သမားများနှင့် ပြည်သူများမှလည်း မိမိတို့ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


