၄  ဇူလိုင်

ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက်သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်အား အသိပေးတင်ပြ အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမ အသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး ပို့ဆောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ယင်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင်သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Loss ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန (ဖုန်း ၀၈၁-၂၁၂၁၆၇၂)နှင့် ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ (ဖုန်း ၀၉-၅၂၁၄၃၇၃) သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာန (ရုံးချုပ်) (ဖုန်း ၀၆၇၄၁၀၃၄၁) သို့ ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

                                                                                                                                      သမဝါယမဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန