တောင်တွင်းကြီး ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီသင်တန်းနည်းပြ ဦးသူရကျော်မှ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသား ကျောင်းသူ (၃၀) တက်ရောက်ခဲ့ပြီး သင်တန်းအား ဧပြီ ၁၈ ရက်မှ မေ ၁၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ဝင်း(ပြန်/ဆက်)