တောင်တွင်းကြီး ၃ နို၀င်ဘာ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများဖြစ်သည့် ရေတွင်းကောင်းကျေးရွာမှ(၁၁)ဦး၊ အုန်းတော(၁)ရပ်ကွက်မှ (၂)ဦး၊ တောင်ပြင်(၁)ရပ်ကွက်မှ (၁)ဦး၊ လယ်သာ-သိမ်ကုန်းကျေးရွာမှ (၂)ဦး၊ ကံလှကန်-သိမ်ကုန်းကျေးရွာမှ (၂)ဦး၊ ပျားတုကျေးရွာမှ (၅)ဦး၊ သစ်စိမ့်စု ကျေးရွာမှ (၄)ဦး၊ ပျဉ်းချောင်းကျေးရွာမှ(၂)ဦး၊ သစ်ပုတ်ကုန်းကျေးရွာမှ(၂)ဦး၊ ကျောင်းတော်ရာကျေးရွာမှ (၁၂)ဦး၊ ပေပင်ယာကျေးရွာမှ(၁)ဦး၊ အိုးကုန်းကျေးရွာမှ(၁)ဦး၊ ကံလှသကြားစက်မှ(၂)ဦး၊ ထန်းပင်တဲ ကျေးရွာမှ (၁)ဦး၊ အောင်မြင်သာကျေးရွာမှ(၁)ဦး၊ တက်ပုအောင်းကျေးရွာမှ(၁)ဦး စုစုပေါင်း ဦးရေ ၅၀ (ကျား- ၁၆ ဦး၊ မ- ၃၄ ဦး) တို့ အား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာ၀န်ကျအထူးရဲတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ(၅၀) ကြိုတင်မဲပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ညို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကြည်ကြည်မာနှင့် ကျန်းမာရေး၀န်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)