တောင်တွင်းကြီး ၄  နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်ရေးစခန်းများ ဖြစ်သည့် အ-ထ-က(၁)၊ ညောင်ပင်လှကျေးရွာ အ-လ-က (ခွဲ) နှင့် ပင်စည်ဘုန်းတော်ကြီးကျောင်းရှိ Quarantine center များတွင် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ရေသန့်ဘူးများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် (PGMF) ဝန်ထမ်းများက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်ရေး စခန်းများရှိ စေတနာဝန်ထမ်းများနှင့် စောင့်ကြည့်လူပုဂ္ဂိုလ်များ အသုံးပြုနိုင်ရန်အတွက် ရေသန့်ဘူးသေး(၃၅၀)၊ Mask(၂၅၀၀)နှင့် Hand Gel ဘူး (၃၀) တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင်၊ အတွင်းရေးမှူး ဦးမောင်မောင်ဌေးနှင့် မြို့နယ်ကျန်းမာရေးမှူး ခင်မောင်သင်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)