တောင်တွင်းကြီး   ၈   စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ယနေ့ နံနက် ၈ နာရီက လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တည်းခိုခန်းလုပ်ငန်းလိုင်စင် ရယူဆောင်ရွက် နေသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် တည်းခိုခြင်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိစေရေး၊ ခရီးသွားများ လာရောက်တည်းခိုရာတွင်  အခန်းတစ်ခန်းလျှင် ဧည့်သည် တစ်ဦးသာ တည်းခိုခွင့်ပြုရန်၊ ခရီးသွားများ ခေတ္တတည်းခိုနေထိုင်ခြင်းနှင့်အတူ အစားအသောက်များ စီစဉ်ဆောင်ရွက်ပေးခြင်းများရှိပါက အစားအသောက်သန့်ရှင်းရေးကို ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဧည့်သည်အချင်းချင်းကြား၊ ဧည့်သည်နှင့် ဝန်ထမ်းများကြား ထိတွေ့ ဆက်သွယ်မှု ရှိနိုင်ခြင်းတို့ကြောင့် ဝန်ထမ်းတစ်ဦးစီတိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မကြာခဏလက်ဆေးရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ရန်၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်စေရန်၊ ဧည့်သည်လက်ခံကြိုဆိုရေးဌာနများတွင် ကိုဗစ်-၁၉ နှင့် ပတ်သတ်သော ရောဂါကာကွယ်ရေး နည်းလမ်းများအား ဗီနိုင်းများဖြင့် ချိတ်ဆွဲထားရန်၊ လက်ဆေးဘေလ်စင် ထားရှိရန်နှင့် အပူချိန်တိုင်းကိရိယာများ စီစဉ်ဆောင်ရွက်ထားရန်တို့ကို Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ညွှန်ကြားချက်များ၊ တည်းခိုခန်းများ ကြီးကြပ်စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြိုနယ်စားသုံးသူ ရေးရာဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)