ရန်ကုန် ၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် Surgical grown ဝတ်စုံများကို ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းဖြစ်သည့် Surgical grown ဝတ်စုံများကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၉)လမ်းရှိ အောင်သရဖူကြော်ငြာ တံဆိပ်ရိုက်လုပ်ငန်းမိသားစုမှ ဝတ်စုံ (၃၀) စုံနှင့် ဦးသိန်းနိုင်မှ ဝတ်စုံ ၁၀ စုံ စုစုပေါင်း ဝတ်စုံ အစုံ ၄၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Surgical grown ဝတ်စုံများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုးနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်


