ရန်ကုန် ၂၇ ဩဂုတ်
တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် (၅၀၆) နေထိုင်ရာ အမှတ်(၁၂) ရပ်ကွက် မာဃ (၆) လမ်းရှိ အိမ်နှင့် လမ်းကို ကလိုရင်းဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကလိုရင်းဆေးဖျန်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်


