ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အမှတ် (၁၄) ရပ်ကွက်၊ ဝေနေယျသုခ ဓမ္မာရုံ၌ စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် တစ်ဦးလျှင် ဆီတစ်ပိဿာ ငွေကျပ် ၅၃၀၀၊ ဆန်တစ်ပြည် ငွေကျပ် ၁၆၀ဝ၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)
