ရန်ကုန် ၂ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးရာသီတွင် ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်၊ ရွှံ့နွံနှင့် နုံးများဆယ်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီး တစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်၊ ရွှံ့နွံနှင့် နုံးများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများမှ စက်အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)


