မန္တလေး ၅ အောက်တိုဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၄ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာ ၁၂၉၄ ဦး ရှိခဲ့ပြီး Lockdown ချထားသည့် အောင်မြေသာစံမြို့နယ် ဥပုသ်တော် ရပ်ကွက်မှထပ်တိုးလူနာ မပါတော့ကြောင်း သိရသည်။

 

အောက်တိုဘာ ၃ ရက်နေ့ထုတ်ပြန်ချက်အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်မှာ ထပ်တိုးလူနာ ၆ ဦး ရှိခဲ့ပြီး စုစုပေါင်း ၄၁ ဦးထိရှိကြောင်း သိရသည်။

 

"မနေ့ကထုတ်ပြန်ချက်မှာတော့ ထပ်တိုးလူနာမရှိတော့ပါဘူး။ ဆက်စပ်လူနာ တွေလည်း လိုက်ထားတော့ ရပ်သွားပြီလို့ပဲ မျှော်လင့်မိတယ်"ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ပြောသည်။

 

အောင်မြေသာစံမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ဆက်တိုက်မြင့်တက်နေပြီး အောက်တိုဘာ ၄ ရက်အထိ ယင်းမြို့နယ်အတွင်း ပိုးတွေ့လူနာ ၆၀ အထက် ရှိနေကြောင်း  မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

မန္တလေးခရိုင်အတွင်း ပိုးတွေ့အတည်ပြုလူနာ ၂၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂ ဦးရှိကြောင်း သိရသည်။

 

ဖြိုးအိ