ညောင်ရွှေ ၂၀ ဩဂုတ်
(၁၃)ဆက်မြောက် ရွှေကျင်နိကာယသံဃာ့ဂိုဏ်းကြီး၏ တေရသမရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်တော်မူသော ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သည့် ကန်ကြီးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသအရှင်မြတ်၏ ကြေးသွန်ရုပ်တုတော်ကို သွန်းလုပ်ပူဇော်၍ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရှိ အောင်မင်္ဂလာဓမ္မာရုံရှေ့၌ ထားရှိပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမြင့်(၅)ပေ(၈)လက်မရှိသော ဆရာတော်ဘုရားကြီး၏ ရပ်တော်မူကြေးသွန်း ရုပ်တုတော်ကြီးအား အကျယ်(၃၂)ပေ ပတ်လည်ရှိရင်ပြင်တော်အတွင်း အမြင့်(၇)ပေရှိအုတ်ခုံပေါ် တွင် အမြင့်(၅)ပေရှိသော ပလ္လင်တော်ထက်၌ အောင်မြင်စွာ တည်ထားပူဇော်နိုင်ရေးအတွက် သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် တပည့်သားသံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမ များက ဩဂုတ်လ(၁၉)ရက်နေ့မှစတင်၍ ငါးလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ