တီးတိန် ၄ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တီးတိန်မြို့ပေါ်၌ မဲရုံ (၁၂)ရုံ ဖွင့်လှစ်ထားရှိမည်ဖြစ်ရာ မဲရုံများပြင်ဆင်နေမှု အခြေအနေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က နိုဝင်ဘာ ၃ ရက်နေ့တွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
တီးတိန်မြို့ပေါ် (၄)ရပ်ကွက်ရှိ စကောလမ်းရပ်ကွက်တွင် မဲရုံ (၄)ရုံ၊ မြို့မရပ်ကွက်တွင် မဲရုံ (၃)ရုံ၊ လွယ်ဘွာလ်းရပ်ကွက်တွင်မဲရုံ (၃)ရုံ၊ လေးလုမ်းရပ်ကွက်တွင် မဲရုံ (၂)ရုံ၊ စုစုပေါင်း မဲရုံ (၁၂)ရုံနှင့် ခိုင်ကမ်းမြို့တွင် မဲရုံ(၄)ရုံ ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။
တီးတိန်မြို့နယ်တွင် မြို့ပေါ် (၄) ရပ်ကွက်နှင့် ခိုင်ကမ်းမြို့အပါအဝင်မဲရုံ (၁၄၀) ရုံဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၅၆၅၇၆ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)