တီးတိန် ၅ စက်တင်ဘာ  

ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ Case-345 နှင့် Case-359 တို့သည် ရောဂါပိုးနှစ်ကြိမ် ဆက်တိုက်မတွေ့တော့၍ ယနေ့ နံနက် ၁၁ နာရီတွင် ဆေးရုံမှ ဆင်းခွင့်ရကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရသူတို့သည် Home Quarantine ဆက်လက်ခံယူမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရသူတို့သည် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာနှင့် တီးတိန်မြို့၊ စ​ကောလမ်း ရပ်ကွက်​နေသူတို့ ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ ရှစ်ခန်းတွဲ နှစ်ထပ်ဆောင်တွင် စောင့်ကြပ်ကုသမှု ခံယူသူ အမျိုးသားနှစ်ဦး ဖြစ်သည်။

 

တီးတိန်မြို့၊ ပြည်သူ့ဆေးရုံ၌ ယခုလတ်တလော အချိန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား နှစ်ဦး စောင့်ကြပ်ကုသမှု ခံယူလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)