တီးတိန်   ၆  စက်တင်ဘာ   


ချင်းပြည်နယ် တီးတိန်မြို့တွင် မြို့နယ်အဆင့် ရိုးရာခွာဒိုပွဲ ကျင်းပရေးကော်မတီ၏ ဦးဆောင်မှုဖြင့် "ရိုးရာခွာဒိုပွဲ" ကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂  ရက်နေ့တွင် ကမ်ဟောက်(ခန်းမဆောင်၊ ဘောလုံးကွင်း) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ခွာဒိုပွဲတွင် ရိုးရာအကမျိုးစုံ၊ ရိုးရာသီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ရိုးရာအစားအစာများရောင်းချခြင်းနှင့် ကာယအလှမယ်ရွေးပွဲများ ကျင်းပပြုလုပ်မည်ဖြစ်၍ ရပ်နီးရပ်ဝေးမှ ပြည်သူများ ပါဝင်ဆင်နွဲပေးကြပါရန် နှိုးဆော်ဖိတ်ကြားထားကြောင်း  မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

mage-0-