တီးတိန် ၆ စက်တင်ဘာ
ချင်းပြည်နယ် တီးတိန်မြို့တွင် မြို့နယ်အဆင့် ရိုးရာခွာဒိုပွဲ ကျင်းပရေးကော်မတီ၏ ဦးဆောင်မှုဖြင့် "ရိုးရာခွာဒိုပွဲ" ကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ကမ်ဟောက်(ခန်းမဆောင်၊ ဘောလုံးကွင်း) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ခွာဒိုပွဲတွင် ရိုးရာအကမျိုးစုံ၊ ရိုးရာသီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ရိုးရာအစားအစာများရောင်းချခြင်းနှင့် ကာယအလှမယ်ရွေးပွဲများ ကျင်းပပြုလုပ်မည်ဖြစ်၍ ရပ်နီးရပ်ဝေးမှ ပြည်သူများ ပါဝင်ဆင်နွဲပေးကြပါရန် နှိုးဆော်ဖိတ်ကြားထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


