တိုက်ကြီး  ၁၄  ဩဂုတ် 

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာမတည် စီမံကိန်း (VRFP) နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘသိန်းက စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာ (၁၃)ရွာနှင့် Cash For Work စီမံကိန်း ကျေးရွာ (၂၀)အား ရန်ပုံငွေများကို ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ကျေးရွာ ကော်မတီ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

တိုက်ကြီးမြို့နယ်တွင် ကျေးရွာ မတည်စီမံကိန်းရန်ပုံငွေ (VRFP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာ (၁၃)ရွာတွင် Type – 1 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀ဝ  နှုန်းနှင့် (၁၀) ရွာ၊ Type – 2 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း ၂၀ဝ နှုန်းနှင့် (၂)ရွာ၊ Type – 3 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း၁၀ဝနှုန်း နှင့် (၁)ရွာ၊ စုစုပေါင်း(၁၃)ရွာဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပြီး Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)ရွာအား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ နှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)