ပုဏ္ဏားကျွန်း ၉ ဇွန်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် တိုက်ပွဲရှောင် (ယာယီ) ကယ်ဆယ်ရေးစခန်းသို့ ဇွန် ၉ ရက်က စေတနာရှင် ပရဟိတအသင်းများမှ အလှူငွေများ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသများမှ ယာယီခိုလှုံရောက်ရှိလာသော လူဦးရေ (၄၆၉) ဦးအတွက် ကျောက်တော်မြို့နယ် သံဃာတော်များ ပရဟိတဖောင်ဒေးရှင်းအသင်းမှ ငွေကျပ် ၃၀ဝ၀ဝ၀၊ ပုဏ္ဏားကျွန်း မြို့မဟင်းဈေးတန်းမှ ငွေကျပ် ၁၅၀ဝ၀၊ ပုဏ္ဏားကျွန်းမြို့ ဒေါင်းရံဂုဏ်ဟိန် ပရဟိတအသင်းမှ ငွေကျပ် ၁၀ဝ၀ဝ၀၊ ပုဏ္ဏားကျွန်း မြို့နယ် ကျန်းမာရေးဌာနမှ ဆေးခြင်ထောင် အလုံး ၂၀ဝ၊ တစ်ဦးချင်း စေနာရှင်ပြည်သူတို့က ထမင်းတစ်နပ်လျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)