ထားဝယ် စက်တင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ(တတိယအကြိမ်) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထို့ပြင် အစည်းအဝေး၌ တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတအုပ်ချုပ် လုပ်ကိုင်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် တန်ဖိုးရှိသော သယံဇာတများကို မပျက်စီးအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ငါး၊ ပုဇွန်များ၏ မွေးဖွားမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် အားနည်းလာသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် ဗဟိုကော်မတီ၏ (ပထမအကြိမ်)၊ (ဒုတိယအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းကော်မတီ၏ (ပထမအကြိမ်)၊ (ဒုတိယအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ကော်မတီဝင်များက ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

(သတင်းစဉ်)