နေပြည်တော်၊ ဇန်နဝါရီ  ၄

 

ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 

စည်ကားလျက်ရှိ

 

ထို့ပြင်  တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့်သက်ဆိုင်သောနေရာများ၌ ဘုရားဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

 

အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမီးအလှများ  ထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက်ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်