နေပြည်တော် ဇန်နဝါရီ ၄

 

ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်ရသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 

စည်ကားများပြားလျက်ရှိ

ယင်းအပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့် သက်ဆိုင်သောနေရာများ၌ ဘုရားဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက် ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်