ရန်ကုန် မတ် ၁၇

 

တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြုနှင့် တိုင်းရင်းသားစာပေသင် ဆရာ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲကို ယ​နေ့နံနက်ပိုင်းတွင် ပြည်​ထောင်စုတိုင်းရင်းသား​​​ကျေးရွာ (ရန်ကုန်)၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကား​ပြောကြားပြီး တိုင်းရင်းသားစာ​ပေနှင့် ယဉ်​ကျေးမှုဦးစီးဌာန ညွှန်ကြား​ရေးမှူး ဦးပြေဟိန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုက်ကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်း​ကျော်ထူးက​ ကျေးဇူးတင်စကား​ပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)က ယဉ်ကျေးမှုအကဖြင့် လည်း​ကောင်း၊ မှော်ဘီမြို့နယ် ကရင်ရိုးရာ ဝါးထောက်အကဖြင့်လည်းကောင်း၊ တိုက်ကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ရှမ်းအကဖြင့်လည်းကောင်း၊ မှော်ဘီမြို့နယ် ကျီးပင်ဆိပ်ကျေးရွာက ကရင်ရိုးရာဒုံးအကဖြင့်လည်း​ကောင်း ဖျော်ဖြေတင်ဆက်​ကြသည်။

 

ထို​့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက​ ဖျော်​ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်​ငွေများ​ ပေးအပ်ခဲ့​ကြောင်း သိရသည်။

​​​အောင်မြင့်(ပြန်/ဆက်)