ရန်ကုန် မတ် ၁၇
တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြုနှင့် တိုင်းရင်းသားစာပေသင် ဆရာ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုက်ကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)က ယဉ်ကျေးမှုအကဖြင့် လည်းကောင်း၊ မှော်ဘီမြို့နယ် ကရင်ရိုးရာ ဝါးထောက်အကဖြင့်လည်းကောင်း၊ တိုက်ကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ရှမ်းအကဖြင့်လည်းကောင်း၊ မှော်ဘီမြို့နယ် ကျီးပင်ဆိပ်ကျေးရွာက ကရင်ရိုးရာဒုံးအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


