နေပြည်တော်   မတ် ၂၉

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ()နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်စေရေးပင် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနေဖြင့် တိုင်းရင်းသား စာပေ သင်ကြားရေးဆရာ၊ ဆရာမများခန့်ထားရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပုံနှိပ်ထုတ်ဝေသည့် ကိစ္စရပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုဖြန့်ဝေ ပေးခြင်းကိစ္စရပ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင်  တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုစာအုပ်ထုတ်ဝေ၍ ဖြန့်ဝေခြင်း ကိစ္စရပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို တိုင်းရင်းသားဘာသာသို့ ပြန်ဆိုခြင်း ကိစ္စရပ်များ၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ခြင်းကိစ္စရပ်များ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း စသည့်ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံသူများ ဖြစ်စေရေးအတွက် မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း()ရပ်၊ ဦးတည်ချက် ()ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် ()ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကို လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နှစ်ပတ် လည်အခမ်းအနားမှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း  ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လာမည့်နှစ်တွင်  ဝန်ထမ်းများအားလုံး အတွေး အမြင်သစ်၊ အားအင်သစ်များဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာ သင်တန်းများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်ပေးပြီး  ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးသည်။

 

ယင်းနောက် ဝန်ထမ်းများက  တိုင်းရင်းသားရိုးရာအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)