မန္တလေး   ၁၇   မေ


တိုယိုတာ Hiace မော်ဒယ်သစ်ကားကို အခုလ ၁၆ ရက်က မန္တလေးမြို့ရှိ Toyota GW Lion Showroom တွင် စတင်မိတ်ဆက်ခဲ့သည်။ 


တိုယိုတာ Hiace မော်ဒယ်သစ်ကားကို အော်တိုဂီယာ မော်ဒယ် T3 နှင့် မန်နူရယ်ဂီယာ T2 အမျိုးစား နှစ်မျိုးထုတ်လုပ်ထားသည်။ 2 8L Disel GD Engine ကို ပြောင်းလဲအသုံးပြုထားသည့်အတွက် တခြားအင်ဂျင် အမျိုးအစား တပ်ဆင်ထားသည့် ကားများထက် အင်ဂျင်အလေးချိန်လျော့နည်းခြင်း၊ ဆီစား ၁၀ ရာခိုင်နှုန်း သက်သာကြောင်း သိရသည်။


၁၄ ယောက်စီးမော်ဒယ်လ်ဖြစ်ပြီး Sliding Door ဖွင့်ရန် Mode သုံးခုပါရှိသည်။ အဖြူရောင်၊ ငွေရောင်၊ အပြာနုရောင်၊ Beach Colour ဆိုပြီး အရောင် လေးရောင် ထုတ်လုပ်ထားသည်။ 


ဈေးနှုန်းအားဖြင့် အော်တိုဂီယာ အမျိုးအစားမှာ  ဒေါ်လာ ၄၄၉၀ဝ ဖြစ်ပြီး မန်နူရယ်ဂီယာ အမျိုးအစားမှာ ဒေါ်လာ ၄၃၉၀ဝ ရှိသည်။ 


ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး ပထမအရစ် ၂၀ ရာခိုင်နှုန်းမှ စတင်ပေးသွင်းနိုင်ပြီး အများဆုံး ၅ နှစ်အထိ အရစ်ကျ ငွေပေးချေမှုပုံစံဖြင့် ဝယ်ယူနိုင်သည်။ 


အိမို့မို့ခိုင်