တကောင်း ၂၁ သြဂုတ်
တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Women Club)၊ လူငယ်များအသင်း (Youth Club)တို့ ပူးပေါင်းဖွင့်လှစ်သော အလှဆင်ပလတ်စတစ်ခြင်း ရက်လုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီက တကောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက အမျိုးသမီးများ လူမှု၊ စီးပွားဘဝ တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်ပြောကြားခဲ့သည်။
အလှဆင် ပလတ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကို သြဂုတ်လ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့ထိ (၃)ရက်ကြာ နည်းပညာကျွမ်းကျင်တတ်မြောက်သည့် အမှတ် (၁၆)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ညောင်ကုန်းကျေးရွာမှ ဆရာမဒေါ်ဇင်မာထွေးနှင့် ဒေါ်ပိုးအိဖြူတို့က အခမဲ့သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသူ သင်တန်းသား (၂၀)တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


