ရန်ကုန် နိုဝင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမ္ဘာအေးစေတီလမ်းမှ သံလွင်လမ်းကြား ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်လမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါရ ဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ သွားရောက်၍ စည်ပင်သာယာဝန်ထမ်းများဖြင့် တက္ကသိုလ်ဝင်း အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍  ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် နာဂလှိုဏ်ဂူအောင်ချမ်းသာစေတီတော်ဝင်း အတွင်း/အပြင် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်းခန်းမ၌ ကျင်းပသော အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲသို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားကာ သင်တန်းဆင်း အောင်လက်မှတ်များနှင့် သင်တန်းထူး ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ သင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရှိ ဌာနအသီးသီးမှ အင်ဂျင်နီယာဝန်ထမ်း သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်