နေပြည်တော် ဇန်နဝါရီ ၅
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်)သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ မြို့နယ် ၄၆ မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ အခက်အခဲတစ်စုံ တစ်ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(နေပြည်တော်)၊ ရုံးအမှတ်(၅၂)ရှိ ဖုန်း ၀၆၇ - ၃၄၃၀၅၈၃၊ ၀၆၇ - ၃၄၃၀၅၈၄၊ ၀၉-၂၀၂၄၂၉၇ ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ) ရှိ ဖုန်း ၀၉-၄၃၁၄၀၂၂၆၊ ၀၉-၂၆၁၉၅၅၅၅၉၊ ၀၉-၄၄၃၀၀၇၈၆၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်