ခါမ်းပါတ်   ၁၈   သြဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ထင်းဇင်(ရွာသစ်)၊  ထင်းဇင်(ရွာဟောင်း) ကျေးလက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ  သိရသည်။

 

အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေ ကျပ် ၃၄ ဒသမ ၂ သန်းဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဆောင်ရွက်ခြင်း သည်။ လက်ရှိအချိန်တွင် (0.322km×3.66m×175m) ရှိ အဆိုပါလမ်းခင်းခြင်းလုပ်ငန်းများမှာ ၈၅ ရာခိုင်နှုန်းခန့်  ပြီးစီးနေပြီဖြစ်ပြီး  လမ်းဘေးရေနုတ်မြောင်း တူးဖော်ရန်နှင့်  လမ်းပခုံးသားကပ်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်၊။

 

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပထမအသုတ်အနေဖြင့်  (0.784 km )ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်ပေးခဲ့ပြီး ယခု( 0.322 km )နှင့် ဆိုပါက ( 1.106 km )ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

သားငယ်(ပထဝီဝင်)