မြို့သစ်  ၂၃  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သာသနာ့ဝန်ထမ်းများ အပါအဝင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို တမူးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ  စက်တင်ဘာ ၂၂ ရက်‌က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ(၃၀)ရက်တွင် အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ်တင်းတင်း မပြည့်သေးသော သာသနာ့ဝန်ထမ်းများ အပါအဝင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက  ထောက်ပံ့ခြင်းဖြစ်ပြီး မြို့သစ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတွင် သက်ကြီးဘိုးဘွား(၂၃)ဦးအား ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)