တမူး       ဇူလိုင်       ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် မိုးစပါး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက် စိုက်ပျိုးခြင်းကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ဟဲဇင်းကျေးရွာအုပ်စု၊ ဟဲဇင်းကျေးရွာ တောင်သူ ဦးမြင့်အောင်၏ လယ်မြေ ကွင်းအမှတ် ၂၅၃/ခ၊ ဦးပိုင်အမှတ်(၉၁)ရှိ မျိုးစေ့ထုတ်စိုက်ကွက် လေးဧကတွင် မှော်ဘီ(၂) မျိုးစံပါးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုအကူအညီဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

 

တမူးမြို့နယ်တွင်  မိုးစပါး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို မြို့နယ်ရှိ ကျေးရွာများတွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာမည့် မျိုးစပါးများကို မြို့နယ်ရှိ တောင်သူများထံ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

ရတနာ(ပြန်/ဆက်)