ညောင်ဦး နိုဝင်ဘာ ၂၆
တန်ဆောင်တိုင်ရုံးပိတ်ရက်ဖြစ်သည့် ယနေ့တွင် ပုဂံဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦး ထံမှ သိရသည်။
ဘုရားဖူး လာရောက်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် ရွှေစည်းခုံဘုရားကြီးအား သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်း ဦးသန်းမြင့်ဦးက ရှင်းပြသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများသည် ရှေးဟောင်း နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများပါ စိတ်ဝင်တစား လေ့လာခဲ့ကြောင်း သိရသည်။
ဒီပါလင်း


