တနိုင်း  ၂၄  ဇူလိုင် 


ကချင်ပြည်နယ် မြစ်ကြီးနာခရိုင် တနိုင်းမြို့နယ် ( ၂၈ )ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်  ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲက တနိုင်းမြို့ အေးငြိမ်းသာယာ သီရိမင်္ဂလာ မြို့ဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဦးသြဘာသ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ထို့နောက်ကြွရောက်တော် မူလာသော ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ခြင်းများနှင့် လှူဖွယ်ဝတ္ထုငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်  ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးရဲဟိန်း ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ဆက်ကပ်လှူဒါန်း ကြသည်။ 


ထို့နောက် အေးငြိမ်းသာယာ သီရိမင်္ဂလာ မြို့ဦးကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ တရားတော်များ ချီးမြှင့်၍ ရေစက်ချ အနုမောဒနာတရားများ နာယူကြသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌနု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN