တနိုင်း ၁၆ သြဂုတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေး အခြေအနေအရ အိမ်ထောင်စု (၁၆) စုအား နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ အဆိုပါ အိမ်ထောင်များအား မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်ရန်  ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

mdn

 

အဆိုပါ တိုက်ပွဲရှောင်အိမ်ထောင်စုများ မူလနေရပ်သို့ ပြန်လည်ပြောင်းရလွှေအခြေချရာတွင် အိမ်ထောင်စု (၁၆) စုအတွက် (၉) လစာ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ မိသားစုကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်မီးရရှိရေး၊ ရေ နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးစသည့် အခြေခံလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင် နှင့် အဖွဲ့ဝင်များသည် တိန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)

 

mdn