တွန်းဇံ ၁၆ မေ    

 
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွေးမြူရေးဝက် ပေးအပ်ပွဲ အခမ်းအနားကို ချင်းပြည်နယ် တွန်းဇံမြို့နယ် အန်းလွန်ကျေးရွာ တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့ယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်ဦးက မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။


ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါက်တာဇွန်ယုနိုင်က ဘိန်းအစားထိုး မွေးမြူရေးဝက်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ အန်းလွန်ကျေးရွာရှိ အိမ်ထောင်စု(၅၀)အတွက် ဝက်ကောင်ရေ(၅၀)ကို တာဝန်ရှိသူများက အသီးပေးအပ်ခဲ့ကြသည်။ 


အဆိုပါ ဝက်များကို မွေမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် ဝက်တစ်ကောင်လျှင် ငွေကျပ် ၈၀ဝ၀ဝ နှုန်းဖြင့် ဝယ်ယူပြီး ကျေးရွာပြည်သူများကိုအခမဲ့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN