တွန်းဇံ ၂၁ မေ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တွန်းဇံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေဆိုင်ရာ လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နှင့် တာဝန်ရှိသူများက တွန်းဇံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များထံသို့ လွှတ်တော်ရန်ပုံငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN