မုဒုံ ဧပြီ ၁၆
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြင့်သော သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီမြတ်ကြီးနှင့် ကန်ကလေးစေတီတော်၌ ဧပြီ ၁၅ ရက်၊ တန်ခူးလပြည်နေ့ညတွင် ဒေသခံပြည်သူ ဘုရားဖူး ဧည့်သည်တော်များ ကုသိုလ်ယူကြသူများဖြင့် အထူးစည်ကားလျက် ရှိကြောင်းသိရသည်။
ဘုရားစေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီးများ၊ အမွှေးနံသာတိုင်တို့ကို အေးချမ်းစွာ ကပ်လှူပူဇော်၍ နှစ်ဦးကုသိုလ်ယူကြသူများ၊ ကန်ပတ်လမ်းတစ်လျှောက် လာရောက် အပန်းဖြေကြသူများနှင့် ကန်ကလေးစေတီတော်ဘုရားတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရိုးရာမပြတ် ကျင်းပကာ ရပ်ကွက်၊ ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ညပိုင်းမွန်ဖျော်ဖြေရေး အစီအစဉ်များဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့သည်။
ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မုဒုံမြို့ပေါ်ရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲ၊ ငါးလွှတ်ပွဲ၊ နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်နာပွဲကို စည်ကားစွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)