တနင်္သာရီ   ဇန်နဝါရီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန သုံးခုမှ အတွင်းဖြေဆိုသူ ၂၄၀ နှင့် ပြင်ပဖြေဆိုသူ ၁၁၃ ဦး စုစုပေါင်း ၃၅၃ ဦးက ဒီဇင်ဘာ ၃၁ ရက်အထိ ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(နေပြည်တော်)မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ဝင်ခွင့် လျှောက်ထားခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ ရက်တိုးပြင်ဆင် သတ်မှတ်ချက်အရ တနင်္သာရီမြို့နယ် အထက-တနင်္သာရီ စာစစ်ဌာန၌ အတွဲ(၁)မှ ပြင်ပဖြေဆိုရန် ကျောင်းသား နှစ်ဦး၊ ကျောင်းသူ လေဦးနှင့် အထက-မော်တုန်းစာစစ်ဌာနတွင် အတွဲ(၁)မှ ပြင်ပဖြေဆိုသူ ကျောင်းသား တစ်ဦး စုစုပေါင်း ပြင်ပဖြေဆိုရန် ကျောင်းသား ကျောင်းသူ ခုနစ်ဦး ထပ်မံ တိုးလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သို့ဖြစ်၍ အထက-တနင်္သာရီစာစစ်ဌာန၌ အထက-တနင်္သာရီ၊ အထက-ဇဝဲရွာ၊ အထက(ခွဲ) မောတောင်ကျောင်းများမှ ကျောင်းတွင်းဖြေဆိုမှု ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၈၉ ဦး စုစုပေါင်း ၁၄၁ ဦး၊ ပြင်ပဖြေဆိုမှုမှာ ကျောင်းသား ၃၀၊ ကျောင်းသူ ၉၀ စုစုပေါင်း ၁၂၀ ရှိသည့်အတွက် ကျောင်တွင်း၊ ပြင်ပ စုစုပေါင်း ၂၆၁ ဦး ရှိကြောင်း သိရသည်။

အလားတူ အထက-ညောင်ပင်ကွင်း စာစစ်ဌာန၌ အထက-ညောင်ပင်ကွင်းနှင့် အထက(ခွဲ) သဘော့လိပ်ကျောင်းတို့မှ ကျောင်းတွင်းဖြေဆိုမှု ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၃၄ ဦး စုစုပေါင်း ၄၅ ဦး၊ ပြင်ပဖြေဆိုသူ(မရှိ)ကြောင်းနှင့် အလားတူ အထက-မော်တုန်းစာစစ်ဌာနတွင် အထက-  မော်တုန်းနှင့် အထက-လယ်သစ်အနောက်ကျောင်းများမှ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၄၁ ဦး စုစုပေါင်း ၅၄ ဦး၊ ပြင်ပဖြေဆိုသူ(မရှိ)ကြောင်း၊ သို့ဖြစ်၍ စာစစ်ဌာန သုံးခုတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား ၇၆ ဦး၊ ကျေင်းသူ ၁၆၄ ဦး စုစုပေါင်း ၂၄၀ နှင့် ပြင်ပမှဖြေဆိုသူ ကျောင်းသား ၃၀၊ ကျောင်းသူ ၉၀ စုစုပေါင်း ၁၂၀ ဖြစ်သဖြင့် အားလုံး စုစုပေါင်း ကျောင်းသား ၁၀၆ ဦး၊ ကျောင်းသူ ၂၅၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၆၀ တို့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသားဦးရေနည်းသော အထက-ညောင်ပင်ကွင်းစာစစ်ဌာနနှင့် အထက-မော်တုန်းစာစစ်ဌာနတို့တွင် ကျောင်းသားမိဘများ၏ သဘောထားတောင်းဆိုမှုအရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာသို့တင်ပြထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)