တနင်္သာရီ ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဇူလိုင် ၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက တနင်္သာရီမြို့နယ်ရှိ ပညာရေးခန်းမဆောင်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင် ကျော်ဦး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက တနင်္သာရီမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ ဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းအား တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းလမုကျေးရွာ ၊ ဘန်းလမွတ်ကျေးရွာ ၊ ရမ်းဖိုကျေးရွာ ၊ အရှေ့မော်တုန်းကျေးရွာ ၊ ကတော့ကြမ်းကျေးရွာ ၊ တမုတ်ချုံးကျေးရွာ ၊ သာယာကုန်းဒကျေးရွာ ၊ သိန်းခွန်းကျေးရွာ ၊ စုစုပေါင်း ကျေးရွာ(၈)ရွာမှ သင်တန်းသား ၊ သင်တန်းသူ ၂၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး


