တနင်္သာရီ        ဇူလိုင်        

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဇူလိုင် ရက် ယနေ့ နံနက် နာရီက တနင်္သာရီမြို့နယ်ရှိ ပညာရေးခန်းမဆောင်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင် ကျော်ဦး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာများက တနင်္သာရီမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ ဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းအား တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းလမုကျေးရွာ ဘန်းလမွတ်ကျေးရွာ ရမ်းဖိုကျေးရွာ အရှေ့မော်တုန်းကျေးရွာ ကတော့ကြမ်းကျေးရွာ တမုတ်ချုံးကျေးရွာ သာယာကုန်းဒကျေးရွာ သိန်းခွန်းကျေးရွာ စုစုပေါင်း ကျေးရွာ()ရွာမှ သင်တန်းသား သင်တန်းသူ ၂၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး