တနင်္သာရီ ၁၄ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တနင်္သာရီမြို့နယ်အတွင်းရှ်ိ ကျေးရွာအုပ်စု (၁၅)အုပ်စုမှတောင်သူများအား``တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင် ဝင်တဲ့အခါမှာ ငွေရေးကြေးရေး အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍ ဘဏ်ချေးငွေတရပ်အနေဖြင့် ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီမှစ၍ တနင်္သာရီမြို့မအားကစားခန်းမအတွင်း မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်ငွေများအား ထုတ်ချေးပေးကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးသန်းစိုးထံမှ သိရှိရသည်။
ယင်းသို့ တောင်သူများအားစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာတွင် တောင်သူများတစ်ဦးချင်း လယ်ယာမြေ ပိုင်ဆိုင်မှု ပုံစံ(၇)အရ လယ်မြေတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးမည် ဖြစ်ပြီး အတိုးနှုန်းအားဖြင့် ငွေ(၁၀၀)ကျပ်တွင် တစ်နှစ်လျှင် ၅ကျပ်နှုန်းဖြစ်ကြောင်း၊ မြိတ်မြို့နှင့် နီးသည့်အချို့ကျေးရွာများမှ တောင်သူများက ၎င်းတို့၏ဆန္ဒအရ မြိတ်ခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ကိုယ်တိုင်လာရောက် ထုတ်ယူသူရှိကြောင်း၊ ကျန်ရှိသည့် ကျေးရွာတချို့မှ တောင်သူများအား တနင်္သာရီမြို့မ အားကစားခန်းမအတွင်း၌ တစ်ပတ်အကြာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


