တနင်္သာရီ  ၂၄  မေ

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် မေ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်က တနင်္သာရီမြို့နယ်၊ တနင်္သာရီခန်းမအတွင်း  ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမြင့်မောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် “ဒေသ၏ လိုအပ်ချက် ဒေသခံပြည်သူများ၏ အခက်အခဲနှင့် အကြံပြုချက်များကို လာရောက်ပြီး နားထောင်ခြင်းဖြစ်သလို အကြံပြုချက်များအပေါ်မှာ ဖြည်းဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရရဲ့ မူဝါဒသုံးရပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်(၆)ရပ်အပေါ်မှာမူတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း / ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ NGO အသင်းအဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်းအင်အား(၃ဝဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများမှ သိလိုသည်များအား အကြံပြုတင်ပြကြရာ  သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆက်စပ်ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။    

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

DSC_36