ကော့သောင်း ၃ သြဂုတ်

 

ကော့သောင်းခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား သြဂုတ် ၃ ရက် နံနက် ၅ နာရီက ကော့သောင်းမြို့၊ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင် စေတနာရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာသူများက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။

 

ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး အစရှိသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)