ရန်ကုန်၊ ဇွန် ၁၀

 
ရန်ကုန်မြို့၊ တညင်းကုန်း လက်ကားဈေးကြီးမှ ဈေးသူ ဈေးသားများ၊ ကုန်တင်ကုန်ချဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်ကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း MAEX-Myanmar Agro Exchange Public Ltd ထံက သိရသည်။

အဆိုပါ အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက တညင်းကုန်းလက်ကား ဈေးကြီး၏ ဈေးရုံ (၄) ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ MAEX- Myanmar Agro Exchange Public Ltd က တညင်းကုန်း လက်ကားဈေးကြီးမှ ဈေးသူ ဈေးသားများ၊ ကုန်တင်ကုန်ချ ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများကို ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ကျောင်းသူ၊ ကျောင်းသား ၇၇၅ ဦးအား စုစုပေါင်းငွေကျပ် (၄၁၆၇၈၀၇၅) တန်ဖိုး ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကာ မူကြိုအရွယ်တစ်ဦးလျှင်   ၃၅,၀၇၅ ကျပ်စီဖြင့် ၈၂ ဦး၊ မူလတန်း Grade-1,2,3 တစ်ဦးလျှင် ၄၀,၉၅၀ ကျပ်စီဖြင့် ၂၅၇ ဦး၊ မူလတန်း Grade-4,5 တစ်ဦးလျှင် ၄၅,၇၂၅ ကျပ်စီဖြင့် ၁၄၄ ဦး၊ အလယ်တန်း Grade-6,7,8,9 တစ်ဦးလျှင်  ၆၆,၃၇၅ ကျပ်စီဖြင့် ၁၆၄ ဦး၊ အထက်တန်း Grade-10,11,12  တစ်ဦးလျှင်  ၇၀,၀၇၅ ကျပ်စီဖြင့် ၁၀၅ ဦး၊ တက္ကသိုလ်ကျောင်းသူ,ကျောင်းသား တစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ်စီဖြင့် ၂၃ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၇၇၅ ဦးအားထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အထူးအစီအစဉ်အနေဖြင့် ယခုပညာသင်နှစ်တွင် ကျောင်းတက်ရန် အခက်အခဲရှိသော ဈေးသူ/ဈေးသား မိသားစုများ၏ သားသမီးများအား ပညာသင်ကြေး ထောက်ပံ့ပေးမည့် အစီအစဉ်လည်းရှိသည့်အတွက် MAEX  Admin  B12 ရုံးခန်းတွင် လာရောက်စုံစမ်း လျှောက်ထားနိုင်ကြောင်းသိရသည်။

MT