မန္တလေး ၁၂ မေ
တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် Myanmar National Airline မှ လေယာဉ်ဆင်းသက်စဉ် Nose landing gear ပြဿနာဖြစ်ကာ ဘီးလုံးမကျသဖြင့် လေယာဉ်ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခွဲခန့်က Myanmar National Airline မှ flight နံပါတ် 103 ၊ Embraer E-190 လေယာဉ်သည် ဘီးချမရသည့်အတွက် လေယာဉ်ကွင်းအတွင်း ဆီကုန်အောင်ပတ်မောင်းပြီး ဝမ်းဗိုက်ရှပ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။
ဆီကုန်အောင်ပတ်မောင်းပြီး ၈ နာရီ ၂၆ မိနစ်မှာ သတင်းပို့ကြောင်း၊ ၉ နာရီ ၆ မိနစ်မှာ နောက်ဘီးချပြီး ပြေးလမ်းအတိုင်း ပေ ၅၀ဝ၀ လောက်မှာ ရပ်သွားပြီး ခုလောလောဆယ် ကွင်းပိတ်ထားတယ်ဟု တံတားဦးလေဆိပ်မှ အကြီးတန်းအရာရှိ ဦးပျော်ဆန်းက ပြောပါတယ်။
ယခုဖြစ်ပွားသည့် ဖြစ်စဉ်တွင် လိုက်ပါလာသည့် ခရီးသည် ၈၂ ဦးလုံး အန္တရာယ်ကင်းကြောင်း သိရသည်။
အိမို့မို့ခိုင်