မန္တလေး ၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ဇီးကန်ကျေးရွာ၊ ထန်းရိပ်ညို ထန်းလုပ်သားများ ငွေစုငွေချေး သမဝါယမအသင်းသည် ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါအသင်း ဉက္ကဋ္ဌနေအိမ်၌ ပြုလုပ်ခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းနှင့် ဝန်ထမ်းများ၊ အသင်းစု ဉက္ကဋ္ဌ ဦးဌေးဦး၊ ထန်းရိပ်ညို သမဝါယမအသင်း ဉက္ကဋ္ဌ နှင့် အမှုဆောင်များက အသင်းသား ၁၆၀ အား တစ်ဦးလျှင် ဆန် တစ်ပြည်၊ ဆီ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှုန်းဖြင့် စုစုပေါင်းကျပ် ၈ သိန်း၊ ခြောက်လအတွက် စုဆောင်းငွေပေါ် အတိုး ၁၂ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၂၀ ကို အသင်းသားများ လက်ဝယ်အရောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


