တံတားဦး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်မြေ ဧရိယာ ဧက ၃၁၂ ဒသမ ၂၀ အား တံတားဦးခရိုင် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက မြို့နယ်အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ပြန်လည်စွန့်လွှတ်မြေများဖြစ်သည့် သားများဘကျေးရွာအုပ်စုနှင့် ကန်ချောကျေးရွာ အုပ်စု ကွင်းအမှတ် ၁၄၂၁-ခ သားများဘတောင်ကွင်း၊ ၁၄၂၃ ကွင်း၊ ဘုရားကြီးကုန်းကွင်း၊ ၁၄၂၄-ခကွင်း၊ ပလ္လင်တောင်ကွင်းတို့ဖြစ်ပြီး ဦးပိုင်ပေါင်း ၉၈ ခုရှိ မြေဧရိယာ ဧက ၃၁၂ ဒသမ ၂၀ တို့ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)