တံတားဦး ဧပြီ  ၉

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ရှိ မြို့အဝင်အထွက်ဂိတ်များတွင် အသက်(၁၈)နှစ်အထက် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

       

ထိုသို့ဆောင်ရွက်ရာတွင် တံတားဦး-မြို့သာ ကာလမ်း အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ BOC ဆီဆိုင်အနီး၌ အသက်(၁၈)နှစ်နှင့်အထက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ချင်းထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူများကို ထိုးပြီးခြောက်လကျော်ပါက ထပ်ဆောင်းထိုးနှံပေးခြင်းများနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တံတားဦးမြို့နယ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)