တံတားဦး ဇူလိုင် ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံရသေးသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၅)နှစ်မှ(၁၈)နှစ်ရှိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Nyanco Pharm)ကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး သတ်မှတ်ရက် ထိုးနှံပြီး ပြည့်မြောက်သည့် ဒုတိယအကြိမ်ထိုးနှံရမည့် ကျောင်းသား/သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိသည် ၊ အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ရှင်လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး အောက်ဆီဂျင်တိုင်းတာခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်ကတျ ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကေျာင်း ၊ အထက်တန်းကျောင်း ခွဲ(၈)ကျောင်း၊ စုစုပေါင်း(၁၆)ကျောင်းတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်ရှိ ခန့်မှန်းကျောင်းသား ကျောင်းသူပေါင်း(၃၄၀) ကျော်တို့အား အခြေခံပညာ ကျောင်းများတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။
မြို့နယ်ပြန်/ဆက်